ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၃) (၁၄) ၊ ပုဒ်မ (၂၆ ၊ ၂၇)မှ ပြဌာန်းထားရှိသော ဝန်ဆောင်မှုများနှင့် ပက်သက်၍ အာမခံထားရှိမှု အခြေအနေ၊ စားသုံးသူကို ကြိုတင်အသိပေးခြင်း၊ ပြည့်စုံသောဝန်ဆောင်မှု အဆင့်အတန်း နှင့်အညီ ပြည့်ဝစွာပေးခြင်း၊ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း၊ အာမခံပေးထားမှုအပေါ် အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ခြင်း၊ စားသုံးသူနှင့် သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးအပ်စေခြင်းစသည့် အချက်များနှင့် ဝန်ဆောင်မှုပေးရန် ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် ယင်းအတွက် လျှော်ကြေးပေးရန်၊ အာမခံထား သော အချိန်ကာလအတွင်း သဘောတူညီထားသော ဝန်ဆောင်မှုကို မရရှိခဲ့လျှင် စားသုံးသူ၏ နစ်နာမူအတွက် ကုစားပေးရန် စသည့်အချက်များ ထည့်သွင်းပြောကြားခဲ့မှုအပေါ် သတင်း ရရှိပါသည်။
DOCA(ဧရာဝတီ)