Main menu

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေးနှင့်အာမခံဆိုင်ရာ မိတ်ဆက်ဆွေးနွေးပွဲပြုလုပ်

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအခွင့်အရေးနှင့် အာမခံဆိုင်ရာ မိတ်ဆက်ဆွေးနွေးဟောပြောပွဲကို ဩဂုတ်လ ၂၀ရက်နေ့၊ နံနက် (၁၀:ဝဝ)နာရီ ပုသိမ်စက်မှုစီမံကိန်း အစည်းအဝေးခန်းမတွင်ကျင်းပပြုုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-တိုင်းဦးစီးမှူးနှင့် အရာထမ်း၊အမှုထမ်းများ ဖိတ်ကြားထားသော တိုင်းအဆင့်ဌာနဆိုင်ရာများ ဧရာဝတီကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များဥက္ကဌ ဦးဝင်းမြင့်လှိုင် A Insurance မှ ဒေါက်တာစိုပြေအောင်ဝင်းနှင့်ဝန်ထမ်းများ မြို့ပေါ်နှင့်ခရိုင်များမှ ဆန်စက်ပိုင်ရှင်၊ ဆန်ကုန်သည်များ၊ ဆီလုပ်ငန်းရှင်များ၊စားသောက်ကုန် လုပ်ငန်းရှင်များ၊ စုစုပေါင်း(၇၀)ဦး ခန့်တက်ရောက်ခဲ့ပါသည်။

    ဧရာဝတီကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များဥက္ကဌ ဦးဝင်းမြင့်လှိုင်မှ အဖွင့် အမှာစကားပြောကြား၍ စားသုံးသူရေးရာဦးစီးဌာန ဒု-တိုင်းဦးစီးမှူး ဦးထွန်းထွန်းက စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ စားသုံးသူ/ စီးပွားရေး လုပ်ငန်းရှင်၏အဓိပ္ပာယ်ဖွင့်ဆိုချက် ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက် ကုန်စည်၊ ဝန်ဆောင်မှုထုတ်လုပ်/ကုန်သွယ်/ ရောင်းချခြင်းဆိုင်ရာတားမြစ်ချက်များ၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်များ အသေးစိတ် ဟောပြောဆွေးနွေးခဲ့ပြီးA Insurance မှဒေါက်တာ စိုပြေအောင်ဝင်းက မီးအာမခံ၊မော်တော်ယာဉ်အာမခံ ရေကြောင်း ကုန်စည်ပို့ဆောင်မှုအာမခံ၊ကုန်လမ်းကုန်စည်ပို့ဆောင်မှုအာမခံ၊နှစ်တိုငွေပင်ငွေရင်းအာမခံ၊ စုပေါင်း အသက်အာမခံ၊ကျန်းမာရေးအာမခံစသည်တို့ကို ပြည့်စုံစွာ ဆွေးနွေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)