Main menu

မုဒုံမြို့နယ်တွင် တရားမဝင်ဆေးဝါး ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ၂၆.၈.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ရှိ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များတွင် မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်မရှိသည့် Abhayrab Injection တရားမဝင်ဆေးဝါး ရောင်းချနေခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ တရားမဝင်ဆေးဝါးပစ္စည်းမျာဖြစ်သော"Abhayrab Injection" ရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ အဆိုပါဆေးဝါးဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်းနှင့် ဆေးဆိုင်ပိုင်ရှင်များအား တရားမဝင် ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)