Main menu

ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာရှိ အ.မ.က နှင်းပုလဲ (မြောက်)ကျောင်း၌ စားသုံးသူအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

     ၂၃.၈.၂၀၂၄ ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာရှိ အ.မ.ကနှင်းပုလဲ (မြောက်) အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပြုလုပ်ခဲ့သည်။

   အဆိုပါ ဟောပြောဆွေးနွးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်လှိုင်အေးမှ အဖွင့်အမှာစကားပြောကြား၍ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်း(ဦးစီးမှူး)က စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပါ ပြဌာန်းချက်များ ဖြစ်သည့် ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှသာလျှင် စိတ်ချယုံကြည်စွာ ကုန်စည်နှင့် ဝန်ဆောင်မှုများအား ရွေးချယ်ဝယ်ယူသုံးစွဲတတ်စေရန် သတိပြုရမည့် အချက်များကို ဟောပြောဆွေးနွေးပြီးနောက် သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး၊ ဒုတိယဦးစီးမှူး ဦးစည်သူက စားသုံးသူတိုင်းရယူခွင့်ရှိသော စားသုံးသူအခွင့်အရေး(၈)ချက်၊ လိုက်နာရမည့်တာဝန် (၄) ရပ်တို့ကိုဟောပြောဆွေးနွေး၍ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်နိုင်မှု နည်းလမ်းများကိုလည်း ဟောပြောဆွေးနွေး ခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်လှိုင်အေးနှင့် ဆရာ/ဆရာမ (၆) ဦး၊ ကျောင်းသား/ ကျောင်းသူ (၇၈) ဦးတို့တက်ရောက်၍ ဌာနမှ လက်ကမ်းစာစောင်များ ဖြန့်ဝေ​ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)