၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့၊ နံနက်(၀၈း၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားပျံကျစျေးအတွင်းရှိ ကုန်ပစ္စည်းမျိုးစုံအရောင်းဆိုင်များအား သက်ဆိုင်ရာဌာနများဖြစ်သည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့ဆောင်ရွက်ရာတွင် စျေးအတွင်းရောင်းချနေသော ဦးစားပေးကုန်စည်(၁၀)မျိုးမှ အသင့်စားခေါက်ဆွဲနှင့်ကြာဇံများအား စာသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ထောက်ခံချက်များပါရှိမှု ရှိ/မရှိ၊ သက်တမ်းလွန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးတွင် သတ်မှတ်ချက်များနှင့်အညီ ရောင်းချနေမှုများရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)