Main menu

ခရမ်းမြို့နယ်အတွင်း ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်များသို့ ဩဂုတ်လ ၁၄ ရက်နေ့၊နံနက်( ၁၀:၀၀ ) နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးမည့် ဦးစားပေး ကုန်စည်ဖြစ်သော စားသုံးဆီအမျိုးမျိုးအား ဝယ်ယူဖြန့်ဖြူးရောင်းချရာ၌ ကုန်ခြောက်ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ခရမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်တို့အား လိုက်နာဆောင်ရွက်ရမည့်အပြင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၄ ဖြင့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြင့် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်ချက်များအား ရှင်းလင်းပြောကြား အသိပညာပေး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)