Main menu

မြန်မာ့လုပ်ငန်း စီးပွားရေးဗီဇာအကြောင်း သိကောင်းစရာများ

Powered by Drupal
Fri, 08/30/2024 - 13:44 -- consumer_admin

    မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်များ၊ ယဉ်ကျေးမှု အမွေအနှစ်များနှင့် မဟာဗျူဟာမြောက် စီးပွားရေး အလားအလာပေါများကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံသည် နိုင်ငံ တကာစီးပွားရေးလုပ်ငန်းများကို ဆက်လက်ဖွင့်လှစ်လာနိုင်သည်နှင့်အမျှ လုပ်ငန်းဗီဇာ လိုအပ်ချက်မှာ သိသိသာသာ တိုးမြင့်လာသည်။ စွန့်ဦးတီထွင်သူဖြစ်စေ၊ ရင်းနှီးမြှုပ်နှံသူဖြစ်စေ မြန်မာနိုင်ငံတွင် အခွင့်အလမ်းရှာဖွေနေသူဖြစ်စေ လုပ်ငန်းဗီဇာအကြောင်း နားလည်သိရှိရမည်ဖြစ်သည်။

    မြန်မာနိုင်ငံအတွင်း  စီးပွားရေးဗီဇာ ( Business Visa) သည် အောက်ပါအချက်များ အတိုင်း သတ်မှတ်ထားပါသည်။

    (၁)     ဗီဇာအမျိုးအစားများ

    (က)    Single Entry Business Visa  သက်တမ်း  ၇၀ ရက်ဖြင့် သာမန် စီးပွားရေး လုပ်ငန်းများအတွက် အသုံးပြုသည်။ အစည်းအဝေးများတက်ခြင်း၊ ကွန်ဖရင့်များတက်ခြင်း သို့မဟုတ် စီးပွားရေး အခွင့်အလမ်းများ ရှာဖွေခြင်းကဲ့သို့သော ရေတိုစီးပွားရေး လုပ်ငန်းလည်ပတ်မှုများအတွက် သင့်လျော်သည်။

   ( ခ )   Multiple Entry  Business Visa သက်တမ်း ၆ လ၊ ၁ နှစ် ၊ ၃ နှစ် အထိ ရနိုင်ပြီး မြန်မာနိုင်ငံသို့ မကြာခဏသွားလာနေရသည့် စီးပွားရေး လုပ်ငန်းရှင်များ အတွက် သင့်တော်သည်။

          (၂)     အထူးကိစ္စများ

(က)    Company Registration မြန်မာနိုင်ငံအတွင်း  မှတ်ပုံတင်ထားသော ကုမ္ပဏီမှ ဖိတ်ကြားလွှာ ( Inviation Letter) ကိုလိုအပ်ပါသည်။

( ခ )   ခရီးစဉ် ရည်ရွယ်ချက်သည် စီးပွားရေးဆိုင်ရာ သီးသန့်ဆိုင်ရာဖြစ်ရမည်။ ဥပမာ- လုပ်ငန်းစီမံချက်များ၊ ပူးပေါင်းဆောင်ရွက်မှုများ စသဖြင့်။

   (၃)     လိုအပ်ချက်များ

(က)    လျှောက်လွှာပုံစံ - မြန်မာနိုင်ငံသို့ သွားရောက်မည့် ပုဂ္ဂိုလ်သည် လျှောက်လွှာပုံစံအားဖြင့် မူရင်းအချက်အလက်များနှင့် တင်ပြရမည်။

( ခ )   နိုင်ငံကူးလက်မှတ် - သက်တမ်းကျန်ရှိနေသည့် နိုင်ငံကူးလက်မှတ်ကိုတင်ပြရ မည်။ (အနည်းဆုံး ၆ လကျန်ရမည်)

( ဂ )   ဓာတ်ပုံ- မျက်နှာပြင်အထက် 4 . 6    စင်တီမီတာ ×  3.8 စင်တီမီတာ အရွယ်ရှိသော ဓာတ်ပုံ ၂ ပုံ။ ဓာတ်ပုံ များသည် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန အာဏာပိုင်များက သတ်မှတ်ထားသည့် သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိရမည်။

   (၄)     တင်ပြရမည့် စာရွက်စာတမ်းများ

(က)    အလုပ်သမားညွှန်ကြားမှု ဦးစီးဌာမှ ပေးအပ်ထားသည့် စာရွက်စာတမ်း များ။

(ခ)     ကုမ္ပဏီမှ ထုတ်ပေးသည့် ဖိတ်ကြားစာဝင်ခွင့်နှင့် ပတ်သက်သည့် ခရီးစဉ်အချက် အလက်များ။

(ဂ)     ကုမ္ပဏီမှတ်ပုံတင်ခြင်း စာရွက်စာတမ်းများ မိမိသည် ကုမ္ပဏီတစ်ခုကို ကိုယ်စား ပြုနေပါက၊ ပေါင်းစည်းခြင်းဆိုင်ရာ လက်မှတ် (သို့မဟုတ်) ကုန်သွယ်မှု လိုင်စင်ကဲ့သို့သော မိမိကုမ္ပဏီ၏ မှတ်ပုံတင် စာရွက်စာတမ်းများကို တင်ပြရန် လိုအပ်နိုင်သည်။

(ဃ)    ခရီးသွားအထောက်အထား မိမိ၏ ဝင်ခွင့်နှင့် ထွက်ခွာမည့်ရက်များကို ပြသသည့် လေယာဉ် ခရီးစဉ် သို့မဟုတ် e- Ticket ပါဝင်သည်။

 (၅)    ဗီဇာကောက်ခံခ

(က)    Single Entry Business Visa 50- 75 USD အကြား။

( ခ )   Multiple Entry Business Visa  သက်တမ်းအလိုက် 150 USD မှစ၍ 500 USD အထိရှိသည်။

( ဂ )   ဗီဇာကြေးသည် လုပ်ငန်းအမျိုးအစားနှင့် နိုင်ငံသားအပေါ် မူတည်၍ ကွဲပြားမှုရှိသည်။

   (၆)     လျှောက်လွှာတင်ပြရန် နေရာ

(က)    မြန်မာနိုင်ငံ၌ ရှိသည့် သံရုံးများ (သို့မဟုတ်) ကောင်စစ်ဝန်ရုံးတွင် တင်ပြ နိုင်သည်။

( ခ )   အွန်လိုင်းလျှောက်လွှာ တရားဝင် Myanmar e Visa မှတဆင့် အွန်လိုင်းတွင် စီးပွားရေးဗီဇာလျှောက်ထားနိူင်သည်။

( ဂ )   စာရွက်စာတမ်း တင်သွင်းခြင်း ပြီးပြည့်စုံသော လျှောက်လွှာပုံစံနှင့် အတူ မိမိ၏ ပတ်စ်ပို့၊ ဖိတ်စာနှင့် ဓာတ်ပုံများ အပါအဝင် လိုအပ်သော  စာရွက်စာတမ်းများကို တင်သွင်းရန် လိုသည်။

(ဃ)    လုပ်ငန်းဗီဇာအတွက် လုပ်ဆောင်ချိန်သည် ပုံမှန်အားဖြင့် ၃ ရက်မှ ၅ ရက်အထိဖြစ်သည်။ သို့သော် နောက်ထပ်စာရွက်စာတမ်းများ လိုအပ်ပါက အချိန်ပိုကြာ နိုင်သည်။

(င)    Visa Approval မိမိဗီဇာ အတည်ပြုပေးသည်နှင့် ခွင့်ပြုချက်စာတစ်စောင် (သို့မဟုတ်) ဗီဇာ စတစ်ကာတစ်စောင်ကို လက်ခံရရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံသို့ ခရီး သွားရာတွင် မိမိ၏ eVisa ခွင့်ပြုချက်စာ၏ ပုံနှိပ်မိတ္တူကို သေချာစွာ ယူဆောင်သွားရမည်။

(စ)     ဝင်ခွင့်မှတ်ပုံတင်ခြင်း - မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင်မိမိဗီဇာ ခွင့်ပြုချက်စာ (သို့မဟုတ်) ဗီဇာ စတစ်ကာကို လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်ထံများထံ တင်ပြရမည်။

   ပြည်နေခွင့်သက်တမ်း တိုးမြှင့်ရန်နှင့် အကြိမ်ကြိမ်ပြည် ပြန်ဝင်ခွင့်ဗီဇာ သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်များ

   စီးပွားရေးVisa ထောက်ခံချက်အတွက် တင်ပြရန် စာရွက်စာတမ်းများ

၁။ အွန်လိုင်းလျှောက်လွှာပုံစံပေါ်တွင် အချက်အလက်ပြည့်စုံစွာဖြည့်စွက်၍ လျှောက်ထားရမည်။ (ကုမ္ပဏီ၏ လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းအားရှင်းလင်းစွာဖော်ပြပေးရန်)

၂။ Passport မိတ္တူနှင့် Visa တုံးထုထားသောစာမျက်နှာမိတ္တူ (E-Visa ဖြစ်လျှင် ၎င်း စာရွက်မိတ္တူ) ပေါ်တွင် ကုမ္ပဏီအကြီးအကဲမှ တံဆိပ်တုံးနှိပ်၊ လက်မှတ်ရေးထိုးရမည်။

၃။ အစိုးရဌာနများမှ ထုတ်ပေးထားသော DICA ကုမ္ပဏီ မှတ်ပုံတင် /ဒါရိုက်တာစာရင်း၊ ထုတ်ကုန်/ သွင်းကုန် ကုမ္ပဏီ မှတ်ပုံတင်၊ FRC မိတ္တူ၊ Form C မိတ္တူ နှင့် အလုပ်ခန့်အပ်လွှာ (Employment Contract) များ တင်ပြရမည်။ (Up to Date ဖြစ်ရမည်)

၄။ Visa သက်တမ်းတိုးထောက်ခံချက်လျှောက်ထားသူ၏ ဝင်ငွေခွန်ထမ်းဆောင် မှုပြေစာ မိတ္တူ (ထောက်ခံချက် လာရောက်မလျှောက်ထားမှီ ကာလအထိ ဝင်ငွေထမ်းဆောင်ခဲ့သည့် အထောက်အထားဖြစ်ရမည်။)

၅။ ကုမ္ပဏီဒါရိုက်တာအဖွဲ့မှ Visa သက်တမ်းတိုးထောက်ခံချက် လျှောက်ထား လာသည့် နိုင်ငံခြားသား၏ ရာထူး၊ လုပ်ငန်းတာဝန်များနှင့် အဆိုပါ နိုင်ငံခြားသားနှင့်ပတ်သက်၍ တာဝန် ယူကြောင်းခံဝန်ချက်တင်ပြစာ။

၆။ Visa သက်တမ်းတိုး ထောက်ခံချက်လျှောက်ထားလာသူသည် မိသားစုဝင် ဖြစ်ပါက ကုမ္ပဏီ ဒါရိုက်တာအဖွဲ့၏ ထောက်ခံတင်ပြချက်။ 

မှတ်ချက်

   Visa ထောက်ခံချက်လျှောက်ထားသည့် ကုမ္ပဏီများအနေဖြင့် Visa သက်တမ်းမကုန်မှီ အနည်းဆုံး ၃၀ ရက် (၁လ) ကြိုတင်လျှောက်ထားကြရန်နှင့် သတ်မှတ်ကာလထက် လျှော့နည်းသော Visa လျှောက်ထားမှုများကို လက်ခံ ဆောင်ရွက်ပေးမည်မဟုတ်ပါ။

    အထက်ပါ စာရွက်စာတမ်းများနှင့် အွန်လိုင်းလျှောက်လွှာတွင် အချက် အလက်များအား လိမ်လည်ဖြည့် သွင်းပါက အဆိုပါကုမ္ပဏီအား နောက်နောင် သက်တမ်း တိုး ထောက်ခံချက် စိစစ်ဆောင်ရွက် ပေးမည်မဟုတ်ဘဲ အမည်ပျက်စာရင်း(Blacklist ) သို့ ထည့်သွင်း သွားမည်ဖြစ်သည်။

     Visa ထောက်ခံချက် လျှောက်ထားလာမှုများအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စိစစ်ရေးဘုတ်အဖွဲ့၏ စိစစ်မှုဖြင့် ဆောင်ရွက်မည်ဖြစ်၍ လက်ရှိချမှတ်ထားသော မူဝါဒများနှင့် ကိုက်ညီမှုမရှိပါက ယင်းလျှောက်ထားချက်ကို ငြင်းပယ်မည်ဖြစ်သည်။

    အထက်ဖော်ပြပါအချက်များသည် ၂၀၂၄ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်၍ စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်လိုသူများအတွက် သာမက နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ အသိပညာရယူရန် ရည်ရွယ်၍ ပြန်လည်ဝေမျှလိုက်ရခြင်းဖြစ်သည်။

Reference     ; Understanding the Business Visa for Myanmar ; A Comprehensive   Guide

; https://www.commerce.gov.mm/my/node/8383

DOCA(ရန်ကုန်)