စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ ကွက်ကဲမှုအောက်ရှိ အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကို အွန်လိုင်း ( Online ) စနစ်မှတဆင့် ဝန်ဆောင်မှု ပေးသည့်လုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ အွန်လိုင်းမှတဆင့် ဝယ်ယူရာ၌ အားသာချက်/အားနည်းချက်များ၊ လိမ်လည်မှုများနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခြင်း၊ အွန်လိုင်း( Online ) မှတဆင့် ဈေးဝယ်ရာတွင် စားသုံးသူများဘက်မှ သိသင့်သိထိုက်သည်များကို အသိပညာပေးခြင်းနှင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း များကို (၂၃.၈.၂၀၂၄ ) ရက်နေ့ နေ့လယ်(၁၁:၀၀) နာရီအချိန်တွင် အမှတ်(၂၉၈) မြနန္ဒာလမ်း၊ (၁၃) ရပ်ကွက်၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းမှ လူငယ်များကို စားသူံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးလှစိုးက ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)