Main menu

မြိတ်မြို့အတွက် စားအုန်းဆီများရောက်ရှိလာ

Powered by Drupal

     ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၂၇) ရက်နေ့၊ နေ့လယ် (၁၃:၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ရှိ မြိတ်ဆီကိုယ်စားလှယ်သို့ ရန်ကုန်မှ စားအုန်းဆီ ၈၀ ပေပါ (သို့) ပိဿာ ၈၈၀၀ သည်  6R-5629 မော်တော်ယာဥ်ဖြင့် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ပြီး အဆိုပါစားအုန်းဆီများကို မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ၎င်းတို့ကို ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ ပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း ဆီကိုယ်စားလှယ်ထံမှ သိရှိရပါသည်။   

DOCA(တနင်္သာရီ)