စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ၂၇.၈.၂၀၂၄ ရက်နေ့ ၊နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် “ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ/ ဥပဒေရေးရာ လုပ်ငန်းကော်မတီ၏ အသိပညာပေးဟောပြောပွဲနှင့် အွန်းလိုင်းစနစ်ဖြင့် ရောင်းချ ခြင်း Online Sale လုပ်ငန်းများ မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့် ပတ်သက်၍ သိကောင်း စရာများ ရှင်းလင်းဆွေးနွေးခြင်း ” အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဥပဒေချုပ်ရုံးမှ ဥပဒေချုပ်၊ ဒု-တိုင်းဒေသကြီးဦးစီးမှူးနှင့် ဥပဒေအရာရှိများ ၊စားသုံးသူရေးရာ ဦးစီးဌာနမှ ခေတ္တတိုင်းဒေသကြီးဦးစီးမှူးနှင့် အရာထမ်းများ၊ မုံရွာမြို့ပေါ်ရှိ စတိုးဆိုင်ပိုင်ရှင်များ၊ ဆီကုန်သည်များ ၊ဆန်ကုန်သည်များ စုစုပေါင်း (၄၀) ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ ဆွေးနွေးပွဲကို ဥပဒေချုပ်ရုံးမှ ဥပဒေချုပ် ဒေါ်လှလှဝင်းက မိတ်ဆက်စကား ပြောကြားခဲ့ပြီး ၊ ဥပဒေအရာရှိ ဒေါ်ခင်ဆွေထွန်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ/ ဥပဒေရေးရာအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံအရာရှိ ဒေါ်အေးမြင့်ငြိမ်းက အွန်းလိုင်းစနစ်ဖြင့် ရောင်းချခြင်း Online Sale လုပ်ငန်းများ မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်အကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုကို Online ဖြင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေကြသူ မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင် ရမှာဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်လိုသူများအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက သတ်မှတ်ထားသော လျှောက်လွှာပုံစံများတွင် ဖြည့်သွင်းပြီး အွန်လိုင်းစနစ်နှင့် ဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း၊ Online မှတ်ပုံတင် လျှောက်ထားရာတွင် အမျိုးအစား (၂) မျိုးရှိပြီး မှတ်ပုံတင်လျှောက်ထားလျှင် ပေးသွင်းရမည် မှတ်ပုံတင်ကြေးများ၊ သက်တမ်းတိုးကြေးများ၊ ပြင်ဆင်ချက် တစ်ချက် ပြင်ဆင်လိုလျှင် သတ်မှတ်ထားသည့်ပြင်ဆင်ကြေးများအကြောင်း၊ မှတ်ပုံတင်လက်မှတ် ရရှိပြီး ရောင်းချသူများအနေဖြင့် ရရှိနိုင်သည့် အခွင့်အရေးများအကြောင်း ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ တက်ရောက်လာသူများက မေးမြန်းဆွေးနွေးခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ/ ဥပဒေရေးရာလုပ်ငန်းကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပြည်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)