Main menu

ကျိုက်မရောမြို့တွင် အသင့်စားမုန့်အမျိုးမျိုးများနှင့်စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက် စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ၂၆.၈.၂၀၂၄ ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ မြို့မဈေးနှင့် ရှင်စောပု ရပ်ကွက်(၂)အတွင်းရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းစေရန်အတွက် အသင့်စားမုန့်အမျိုးမျိုးများနှင့် စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

  ထိုသို့ ကွင်းဆင်းစစ်ဆေးရာ အသင့်စားမုန့်အမျိုးမျိုးများနှင့် စားသုံးဆီအမျိုးမျိုးများတွင် မြန်မာစာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်ပါ/ မပါနှင့် စားသုံးသူများဘေးအန္တရာယ်ဖြစ်စေနိုင်သော အသင့်စားမုန့်အမျိုးမျိုးများနှင့် စားသုံဆီအမျိုးမျိုးများ ရောင်းချခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ရာစားသုံးသူများ ဘေးအန္တရာယ်ကင်းပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသော အသင့်စားမုန့်အမျိုးမျိုးများနှင့် စားသုံးဆီအမျိုးမျိုးများကိုသာ တွေ့ရှိရပြီး ဘေးအန္တရာယ်ကင်းသောကုန်စည်များကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချစေရန် အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)