![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/2.14_4.jpg?itok=nulE-rX1)
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် (၂၇.၈.၂၀၂၄) ရက်နေ့တွင် မုဒုံမြို့နယ်ရှိ စားအုန်းဆီများအား လက်လီရောင်းချပေးနေသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မုဒုံမြို့နယ် တာဝန်ခံမှ လုပ်ငန်းရှင်များအား စားအုန်ဆီများကို ကျေးရွာ၊ရပ်ကွက်များအရောက် ပြန့်နှံ့စွာရောင်းချပေးနိုင်ရေး၊ သတ်မှတ်အရေအတွက် အတိုင်းရောင်းချပေးရေး၊ စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေး၊ အလေးချိန်မှန်ကန်စွာ ရောင်းချပေးရေး၊ ဈေးနူန်းမြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် ဈေးနူန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ ထောင်ဒဏ်၊ ငွေဒဏ် ဖြင့် အရေးယူခံရမည့်အကြောင်းအား ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှလည်း ၄င်းတို့လက်ရှိ ရောင်းချပေးနေသည့် အခြေအနေများအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(မွန်)