![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/2.16_0.jpg?itok=4drOixc4)
၂၆.၈.၂၀၂၄ ရက်နေ့တွင် ရေးမြို့နယ်ရှိ စက်သုံးဆီရောင်းချသည့်ဆီဆိုင်များကို ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဌနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အဆက်စပ်အဖွဲ့များ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အိဖြိုးတို့မှ သွားရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ သွားရောက်စစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဌမှ စက်သုံးဆီ လုံလောက်မှုရှိမရှိ၊ ရောင်းချသည့်စျေးနှုန်းနှင့် လက်ရှိဆီလက်ကျန်များကို စစ်ဆေးမေးမြန်းပြီး အမှန်ဖြစ်သင့်သည့် စျေးနှုန်းများနှင့်အညီ ရောင်းချပေးရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)