Main menu

စားသုံးဆီ စားသုံးမှုများပြားပါက ကျန်းမားရေးကို ထိခိုက်နိုင်ကြောင်းနှင့် စားအုန်းဆီ၏ ဘေးထွက်ဆိုးကျိုးများအား Talk Show ကျင်းပ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တာဝန်ခံသည် (၂၃.၈.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မကွေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre)ခန်းမ၌ စားသုံးသူအသိပညာပေး Talk Show အစီအစဉ်ကျင်းပခဲ့ကြောင်း သိရသည်။

      မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်(Motto)၊ မျှော်မှန်းချက် (Vision)နှင့် ရည်မှန်းချက်(Mission)များနှင့် စားသုံးသူများအနေဖြင့် စားသုံးဆီစားသုံးမှုများပြားပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်းနှင့် စားအုန်းဆီ၏ ဘေးထွက်ဆိုးကျိုးများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည့်ဝဆီ(Saturated Fat)၊ မပြည့်ဝဆီ(Unsaturated Fat) နှင့် အသွင်ပြောင်းဆီ (Trans Fat) တို့အား ခွဲခြားသိရှိပြီး ကျန်းမာသော လူပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရေး Talk Show ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)