Main menu

ကျောင်းနေအရွယ်ကလေးများ ဘေးအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဆွေးနွေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် စားသုံးသူအခွင့်အရေး ဦးစားပေးဆောင်ပုဒ်နှင့်အညီ စားသုံးသူအခွင့်အရေးများသိရှိပြီး တောင်းဆိုတတ်စေရေးနှင့် ကျောင်းနေအရွယ်ကလေးများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးတတ်စေရေး ရည်ရွယ်၍ ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာ အလယ်တန်းကျောင်း(ခွဲ)၌ (၂၃.၈.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    မြို့နယ်တာဝန်ခံက ဦးစီးဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ ဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်(၈)ချက်နှင့် ဓာတုဆိုးဆေး အန္တရာယ်အကြောင်းတို့ကို အသေးစိတ်ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)