Main menu

ပြည်တွင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အသိပညာဆွေးနွေးပေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်ဦးစီးမှူးသည် ပြည်တွင်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်၍ (၂၆.၈.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့နယ် စံပြကျေးရွာမှ “Ei Bakery” ကိတ်မုန့်မျိုးစုံ လုပ်ငန်းရှင် ဒေါ်အိဖြူနှင့်တွေ့ဆုံပြီး လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုအခြေအနေများအား  မေးမြန်းခဲ့ကြောင်း သိရသည်။

     စားသုံးသူကာကွယ်ရေးဥပဒေအမှတ် (၂/၂၀၁၉) အခန်း(၁၈)တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံစွာထုတ်လုပ်ရန်၊ လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်နှင့် တားမြစ်ချက်များကို ဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)