
၂၀၂၄ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့၊ နံနက်(၀၇း၀၀) နာရီအချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဌာနဆိုင်ရာများပူးပေါင်း၍ မြိတ်မြို့၊ သာကေတရပ်၊ ဓမ္မာရုံရှေ့တွင် စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်များအား ရောင်းချခဲ့ကြပါသည်။ အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် ဆန်၊ ကြက်ဥ၊ ဆီ၊ ဆား၊ ချဉ်ပေါင်ရွက်၊ ငါး၊ ကြက်သွန်နီ၊ ပဲခြမ်း၊ ငရုတ်သီးမုန့်၊ မန်ကျည်းသီးမှည့်များပါဝင်ပြီး စျေးနှုန်းသက်သာစွာဖြင့် ပြည်သူများသို့ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)