Main menu

မြောင်းမြခရိုင် လပွတ္တာမြို့နယ်ရှိ ဆန်ကုန်သည်နှင့်ဆန်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် (၃.၉.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီက ဆန်ကုန်သည်နှင့်ဆန်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးရန်နိုင်စိုးအား စားသုံးသူ‌ရေးရာဦးစီးဌာနရုံးသို့ ခေါ်ယူတွေ့ဆုံ၍  ဆန်ရောင်းချမှု အခြေအနေအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ ဆန်ကုန်သည်နှင့်ဆန်လုပ်ငန်းရှင်များအသင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ MRF တို့မှထုတ်ပြန်ထားသော သတ်မှတ်ဈေးနှုန်းတို့ထက်ကျော်လွန်၍ ရောင်းချမှုမရှိစေရေး၊ အလေးချိန်မှန်ကန်စေရေး၊ စားသုံးသူများသက်သာစွာဝယ်ယူနိုင်ရေးတို့အတွက် ဆန်ရောင်းချသူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သတ်မှတ်ဈေးနှုန်းဖြင့်သာရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်း ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)