ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂-၉-၂၀၂၄)ရက်နေ့၊နေ့လယ်(၁၅:၀၀)နာရီက မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော အိမ်သုံးဆေးဝါးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင် ဆိုင်ရှင်များအား စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆေးဝါးများဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရန် ဆေးဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ဆေးဝါးများပြတ်လပ်မှုမဖြစ်ပေါ်စေရေး အဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်း တရားမဝင်တင်သွင်းလာသော ဆေးဝါးများရောင်းချခြင်းမပြုကြရန်၊ သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ ဆေးဝါးများ ရောင်းချခြင်းမပြုရန် ၊ဈေးကွက်အတွင်းရောင်းဝယ်ခြင်းများအား စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ အမိန့် ညွှန်ကြားချက် ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)