Main menu

ကျိုက်လတ်မြို့ ၊ ဖောင်ရိုးဆိပ် အ.ထ.က‌ ကျောင်းတွင် စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

        ဧရာဝတီတိုင်း၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီဌာနမှ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ ၊ ဖောင်ရိုးဆိပ် အ.ထ.က‌ ကျောင်းရှိ ဆရာ/မ နှင့် ကျောင်းသား/သူ များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါ အသိပညာပေးပွဲတွင် ဒု-ကြီးကြပ်ရေးမှူး ဦးတင်စိန်က စားသုံးသူကာကွယ်ရေး ဥပဒေနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ၊ စားသုံးသူများ လုံခြုံစိတ်ချ ရမှုရှိစေရေးအတွက် စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ ၊ စားသုံးသူကာကွယ်ရေးဆောင်ရွက်ချက်များ ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြု ဆောင်ရွက်ရမည့် အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် Centre များ ဖွင့်လှစ်ထားရှိကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www.doca.gov.mm website မှလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/မ (၂၅) ဦးနှင့် ကျောင်းသား/သူ (၄၇၆) ဦး၊ စုစုပေါင်း (၅၀၁) ဦးတက်ရောက်ခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)