![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/bo.jpg?itok=GpoQz0x4)
ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ဘိုကလေးမြို့နယ် တာဝန်ခံရုံးတွင် ဆီလုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးက တက်ရောက်လာသည့် လုပ်ငန်းရှင်များအား စားသုံးဆီလုပ်ငန်းအသင်းအဖွဲ့ကိစ္စများနှင့် ပတ်သက်၍ ကိုယ်စားလှယ်များ ရွေးချယ်ထားရှိပြီး မြို့နယ်အတွင်းရှိ ဆီလုပ်ငန်းရှင်များ အနေဖြင့်လည်း သတ်မှတ်ရည်ညွှန်းဈေးနှုန်း အတိုင်း ဆိုင်းဘုတ်တင် ရောင်းချမှုရှိစေရေးတို့ကို ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း တို့ကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ လုပ်ငန်းရှင် (၆) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)