![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/5.10_5.jpg?itok=layD9TLH)
၃.၉.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်းအသိပညာပေး “Talk Show” ဆွေးနွေးပွဲကို ကျိုက်ထိုမြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က Talk Show အစီအစဉ်ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပါယ်၊ အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ယူခြင်းနှင့် ပတ်သက်၍အားသာချက်၊ အားနည်းချက်၊ လိမ်လည်မှုပုံစံ၊ တိုင်ကြားနိုင်သည့်နည်းလမ်းနှင့် ဖြေရှင်းသည့်နည်းလမ်း၊ အွန်လိုင်းရောင်းချမှုနှင့်ပတ်သက်၍ စိစစ်သင့်သည့်အချက်များ၊ အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိသောအကျိုးရလဒ်များစသည်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)