![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/5.12_0.jpg?itok=Bdh1wvgC)
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ၊နံနက် ၁၀:၃၀ နာရီအချိန်တွင် ကော့သောင်းမြို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ တို့ ပူးပေါင်း၍ ကော့သောင်းမြို့နယ်ရှိ တရားမဝင်ကုန်ပစ္စည်းများဝင်ထွက်နေမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များသည် ကွင်းဆင်းစစ်ဆေးရာတွင် ကော့သောင်းမြို့ အေးရိပ်ငြိမ်းရပ်ကွက်၊ မင်းနန္ဒာ(၂)လမ်း၊ အိမ်အမှတ်(၄၁၄) ရှိ ဒေါ်မေဝင်းမောင်၏ ဂိုဒေါင်တွင် တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသော Tarpaulin Sheet (100% Nomex) Brand :Yutaka C/O: Japan(60kg×76Bags)-4560Kg ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၁,၄၉၁,၂၀၀ိ/- ပစ္စည်းများအား တွေ့ရှိသဖြင့် ထိုပစ္စည်းတင် သွင်းလာခြင်းသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ၊ ကုန်လမ်းအကောက်ခွန် အက်ဥပဒေအရ အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။
DOCA(တနင်္သာရီ)