Main menu

စားအုန်းဆီထုတ်ယူခြင်း၊ဖြန့်ဖြူးခြင်းဆိုင်ရာ စာရင်းဇယားများပြုစုပေးပို့ခြင်းနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

Powered by Drupal

    ၂၀၂၄  ခုနှစ်၊  စက်တင်ဘာလ၊  ၄ ရက်နေ့၊  နံနက် (၁၀း၀၀) အချိန်တွင် စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ အတွင်းရေးမှူး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်၍ ကျင်းပပြုလုပ်သော စားအုန်းဆီထုတ်ယူခြင်း၊ ဖြန့်ဖြူးခြင်းဆိုင်ရာ စာရင်းဇယားများပြုစုပေးပို့ခြင်းနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Online Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တွဲဖက်အတွင်းရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ စာရင်းဇယားများပြုစုခြင်းနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခြင်း၊ သတင်းအချက်အလက်နှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ တာဝန်ရှိသူမှ စာရင်းဇယားများ ပြုစုရန်အတွက် ပြုစုရမည့်စာရင်းများအား အသေးစိတ်ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ဆီကန်များမှထုတ်ယူ၊ဖြန့်ဖြူးခြင်းဆိုင်ရာ ကိစ္စများအားအချိန်မှီ စာရင်းပေးပို့ နိုင်ရေးအတွက် လိုအပ်သည်များကိုဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ ဆီထုတ်ယူ ‌ရောက်ရှိမှုနှင့် ဆီဖြန့်ဖြူးခွဲဝေသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တွဲဖက်အတွင်းရေးမှူး၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကာ အစည်းအဝေးအား နေ့လယ် (၁၂း၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)