Main menu

မြိတ်မြို့၊ ထားဝယ်ကမ်းရပ်ရှိ ဂျူလီပေါင်မုန့်နှင့်မုန့်အမျိုးမျိုးထုတ်လုပ်သည့် စက်ရုံသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနရှိ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းစေရန်အတွက် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)အချိန် တွင်မြိတ်မြို့၊ ထားဝယ်ကမ်းရပ်ရှိ ဂျူလီပေါင်မုန့်နှင့်မုန့်အမျိုးမျိုးထုတ်လုပ်သည့်စက်ရုံသို့ သွားရောက် ၍ ကုန်အညွှန်းအမှတ်အသားပါဝင်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိနေကြောင်း‌တွေ့ရှိရပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များ ထုတ်လုပ်ရောင်းချစေရေးနှင့် သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)