Main menu

မွန်ပြည်နယ်ဦးစီးမှူး ဆန်ဈေးကွက်၊ ဈေးနှုန်းတည်ငြိမ်ရေး အစည်းအဝေးတက်ရောက်

Powered by Drupal

   (၅.၉.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်သော ပြည်တွင်းဆန် ဈေးကွက်၊ ဈေးနှုန်းတည်ငြိမ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (Virtual Meeting)ဖြင့် ကျင်းပရာ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲမှဝန်ထမ်းများ၊ မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ မွန်ပြည်နယ်ဆန်ကုန်သည် များအသင်းဥက္ကဋ္ဌနှင့်အသင်းဝင်များ စုစုပေါင်း(၈)ဦးတို့သည် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (Zoom)ဖြင့် တက်ရောက်ခဲ့ကြသည်။

    အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ စီးဝင်၊ စီးထွက်မှု ပေါ်ဆန်းစပါး စိုက်၊ အောင်၊ ထွက်၊ စားသုံး၊ ပိုလျှံ၊ ဝယ်ယူ၊ သိုလှောင်၊ ကြိတ်ခွဲ၊ ဖြန့်ဖြူးမှု စသည့်အချက်များအား ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်အသင်း၊ ရွှေဘို ပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ စစ်ကိုင်း၊ ဧရာဝတီ၊ ရွှေဘိုမှဆန်စက်ပိုင်ရှင်များ၊ တိုင်းဒေသကြီးဦးစီးမှူးများက ပြန်လည်ဆွေးနွေးကြပြီးအစည်းအဝေးကို နေ့လယ် (၁၂:၀၀) နာရီတွင် ပြီးဆုံးကြောင်း သိရသည်။

DOCA(မွန်)