Main menu

တောင်ငူမြို့ရှိ စက်ဆီ၊ ချောဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ၊ တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်း က တောင်ငူမြို့ပေါ်ရှိ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း အရောင်းဆိုင်များသို့ သွား ရောက်၍ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း အတုအပများ ရောင်းချမှုမရှိစေရေးကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပါသည်။

              ခရိုင်ဦးစီးမှူးက စက်ဆီ ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်း အတုအပ ပြုလုပ်ခြင်း၊ ဈေးကွက်အတွင်း တရားမဝင်ဖြန့်ဖြူးရောင်းချခြင်းတို့သည် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ဂ)၊ (ဃ)နှင့် (ဆ)တို့ကို ချိုးဖောက်ခြင်း ဖြစ်ပါကြောင်း၊ ထို့အတူ တရားဝင်လိုင်စင်ရယူ၍ ဆောင်ရွက်ခြင်းမရှိခြင်းသည် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာကို ဆုံးရှုံးစေပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိခရိုင်မှ လုပ်ငန်းရှင်များ ဥပဒေအရ အရေးယူခံရမှုမရှိစေရေးအတွက် အတုအပ ထုတ်လုပ်သည့်သူများက လာရောက်ကမ်းလှမ်းပါက လက်ခံရောင်းချပေးခြင်းမပြုရန် လိုအပ်ပါကြောင်း ဆိုင်ပိုင်ရှင်များအား အသိပေးရှင်းလင်းခဲ့ကြောင်း သိရှိိရပါသည်။

DOCA(ပဲခူး)