Main menu

စားသုံးသူအခွင့်အရေးဦးစားပေးသိရှိဖို့နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုထိရောက် မှန်ကန်စွာသတင်းသိရှိနိုင်ဖို့ အွန်လိုင်း Website DOCA (Consumer) ဝင်ရောက်လေ့လာစို့

Powered by Drupal
Mon, 09/09/2024 - 13:31 -- consumer_admin

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည်  e-government လုပ်ငန်းစဉ်တွေကိုဖော်ဆောင်ရင်း နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ “အကျိုးပေါင်းစုကုန်သွယ်မှုဖြင့် တိုင်းကျိုးပြုအံ” မျှော်မှန်းချက်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍လည်း စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူပြည်သူများအား မိမိတို့၏စားသုံးသူအခွင့်အရေးကို သိရှိနိုင်စေရန်နှင့် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်အတိုင်း “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဖော်ဆောင်ရင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းများ၊  အသိပညာပေးခြင်းကို ပြည်သူများထံအရောက် လှုပ်ရှားမှုများ၊ ဆောင်ရွက်နေမှုများ သတင်းထုတ်ပြန်ဖြေရှင်းဆောင်ရွက်ရေးကဏ္ဍကို ပူးတွဲတာဝန်ထမ်းဆောင်ပေးနေတဲ့ အွန်လိုင်းပလက်ဖောင်းတစ်ခုကတော့  www. doca. gov. mm ပဲဖြစ်ပါတယ်။

           www. doca. gov. mm website တွင် သတင်းများ အချိန်နှင့်တပြေးညီ ပုံမှန်တင်ပြနိုင်ရန်အတွက် သတင်းလွှင့်တင်ရေးစီမံချက်ရေးဆွဲခဲ့ပြီး သတင်း/ဆောင်းပါးများဖော်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ လေ့လာကြည့်ရှုသူအများပြည်သူများမှာ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်သာသိရှိပြီး နိုင်ငံအဖွဲ့ အစည်းတစ်ခုအနေဖြင့်  သတင်းဝက်ဘ်ဆိုက်တစ်ခုအဖြစ်နဲ့ပါဆောင်ရွက်ပေးနေခြင်းကို ပြည်သူတွေ သတင်းသိရှိပိုင်ခွင့်တစ်ခုအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်နေသော ကဏ္ဍတစ်ခုဖြစ်သည်။

          ယနေ့ခေတ်ကာလတွင် ဆိုရှယ်သတင်းမီဒီယာများသုံးစွဲလာမှုအားကောင်းလာပြီး မျက်စိပွင့် နားပွင့် လျင်မြန်လျက်ရှိသော  နည်းပညာတိုးတက်လာမှုအပေါ်  မှန်ကန်သောသတင်းအချက်အလက်နှင့် လိုတိုရှင်းထိရောက်မှန်ကန်စွာ နေရာဒေသ၊ လူမျိုး၊ဘာသာမရွေး လေ့လာသိရှိနိုင်ပြီး ချိတ်ဆက်ဆောင်ရွက်နိုင်သော အွန်းလိုင်စာမျက်နှာကိုအသုံးပြု၍ အသိပညာပေးဆောင်ရွက်ကာ အများပြည်သူထံ အရောက်ပို့ဆောင်နိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

           ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များ၊ သတင်းလွှာများ၊ ကြော်ငြာများ၊ စာအုပ်စာတမ်းနှင့် ဆောင်းပါးများ၊ စားသုံးသူရေးရာဖြေရှင်းဆောင်ရွက်မှုများ၊ ကုန်ပစ္စည်းသတိပေးချက်များ၊ စားသုံးသူရေးရာသတင်းလှုပ်ရှားမှုများ၊ ကုန်သွယ်မှုသတင်းများ၊  စားသုံးသူအခွင့်အရေးသိရှိခွင့်နှင့် စီးပွားရေးလုပ်ငန်းရှင်များက မိမိတို့ထုတ်ကုန်များကို ဘေးအန္တရာယ်ကင်းရှင်းစွာထုတ်လုပ်ခွင့် စီးပွားရေးကျင့်စဉ်နှင့်အညီ တာဝန်ဝတ္တရားများ  စသည်တို့ကို ပြည်သူများသိရှိနိုင်အောင် အဓိက website, Facebook, DOCA Mobile app software, Call Center များမှတစ်ဆင့် လူသုံးအများဆုံး အများပြည်သူအကြား ပျံနှံ့လွယ်သော social media platform တွေကိုအသုံးပြုပြီး သတင်းအချက်အလက်တွေ ထုတ်ပြန်ပေးနေခြင်းဖြစ်ပါသည်။ စားသုံးသူရေးရာဦးစီးဌာနက ဝက်ဘ်ဆိုက်ကို ၂၀၁၈ခုနှစ်၊ မတ်လ ၁၅ရက်နေ့က စတင်လွှင့်ထူထောင်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လှုပ်ရှာမှုများကို အမြို့မြို့ အနယ်နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လှုပ်ရှားမှုများ၊ ကွင်းဆင်းဆောင်ရွက်မှုများ၊ စစ်ဆေး ဆောင်ရွက်မှုများ၊ အသိပညာပေးလုပ်ငန်းများကို စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်သတင်းရေးသားသူများက နေပြည်တော် (ရုံးချုပ်) ဝက်ဘ်ဆိုက်သို့ သတင်းရေးသားပေးပို့ကြပြီး ထိုဝက်ဘ်ဆိုက်ကိုဝင်ရောက်တာနဲ့ နောက်ဆုံးရသတင်းတွေကို ထင်ထင်ရှားရှားမြင်တွေ့ရမှာဖြစ်သလို အနယ်နယ်အရပ်ရပ်မှရရှိတဲ့ ပြည်တွင်းဒေသကုန်သွယ်မှုဈေးကွက်သတင်းတွေကိုလည်း ရှုမြင်နိုင်ကြမှာဖြစ်ပါတယ်။ ဌာနဆိုင်ရာဝက်ဘ်ဆိုက်တွေ၊ ဝန်ကြီးဌာနအသီးသီးရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကိုလည်း DOCA Website ကနေတစ်ဆင့် လွယ်လင့်တကူချိတ်ဆက်ဝင်ရောက်နိုင်ပါတယ်။

        ဝက်ဘ်ဆိုက်မှာတော့ တိုင်းနယ်/ပြည်နယ်များမှ ဈေးကွက်မရောက်မီကုန်စည်များကို ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်း၊ ဈေးကွက်ရောက်ကုန်စည်များကို စစ်ဆေးရေးအရာရှိက ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်း၊ ရပ်ကွက်လက်လီဆိုင်များ၊ ဈေး၊ ဈေးတန်း၊ စတိုးဆိုင်ကြီးများ ကွင်းဆင်းစစ်ဆေးခြင်းများ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်နှင့် ဆောက်လုပ်ရေးပစ္စည်းများ ကလေးအသုံးအဆောင်နှင့် ကစားစရာပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများ၊ အခြားကုန်ပစ္စည်းများဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုး ဈေးနှုန်းတည်ငြိမ်ရေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းလှုပ်ရှားမှုများ၊ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးရာအခြေခံကျောင်းများ၊ ရပ်ကွက်ကျေးရွာများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်နယ်မြေများသို့ သွားရောက်ကွင်းဆင်းဟောပြောမှုလုပ်ငန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဒေသထွက်ကုန် ကုန်စည်ပြပွဲများ၊ မိတ်ဖက်ဌာနဆိုင်ရာများ၏ဖိတ်ကြားမှုအရ လှုပ်ရှားဆောင်ရွက်မှုများ၊ ဒေသန္တရလှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ကုန်သွယ်မှုသတင်းနှင့် စားသုံးသူရေးရာသတင်းလှုပ်ရှားမှုသတင်းတွေကို တစ်ရက်ပျမ်းမျှ သတင်းစာသား၊ ဓာတ်ပုံနဲ့ အပုဒ်ရေ ပျမ်းမျှ ၈၀ပုဒ်ခန့်လွှင့်တင်နေတဲ့အတွက် အချိန်မဆိုင်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

         စားသုံးသူရေးရာဦးစီးဌာန၏ DOCA ဝက်ဘ်ဆိုက်တွင် စားသုံးသူအခွင့်အရေးနှစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာရှိပါက Consumer Complaint System မှ တိုင်းကြားနိုင်သည့် ပုံစံ(၃)မျိုးဖြင့်တိုင်ကြားနိုင်သည်။ တိုင်ကြားနိုင်သည့် နည်းလမ်း (၁) စားသုံးသူတိုင်ကြားမှုပုံစံ (pdf) ဖိုင်အား Download ရယူ၍လည်းကောင်း၊  လူကြီးမင်း၏ တိုင်ကြားသောအချက်အလက်များနှင့် အထောက်အထားများကို တိုင်ကြားမှုပုံစံတွင်ဖြည့်စွက်ပြီး ရုံးအမှတ် (၅၂)၊ စားသုံးသူရေးရာဦးစီးဌာနသို့ သင့်လျော်သောနည်းလမ်းဖြင့် ပေးပို့တိုင်ကြားခြင်း (တိုင်ကြားမှုပုံစံတွင် လူကြီးမင်း၏လက်မှတ်နှင့် တိုင်ကြားသောနေ့ရက်ပါရှိရမည်)

နည်းလမ်း (၂) စားသုံးသူတိုင်ကြားမှုပုံစံ (pdf) ဖိုင်အား Download ရယူပါ။ ထို့နောက် လူကြီးမင်း၏ တိုင်ကြားလိုသော အချက်အလက်များကိုဖြည့်စွက်ပြီး စားသုံးသူရေးရာဦးစီးဌာန၏ email ဖြစ်သော consumerwebsitedoca@gmail.com သို့ ပေးပို့တိုင်ကြားခြင်း (တိုင်ကြားမှုပုံစံတွင် လူကြီးမင်း၏လက်မှတ်နှင့် တိုင်ကြားသောနေ့ရက်ပါရှိရမည်)

နည်းလမ်း (၃) online မှတစ်ဆင့် တိုင်ကြားလိုပါက “Next” အားနှိပ်၍ တိုင်ကြားမှုပြုလုပ်နိုင်ပါသည်။ DOCA Website သို့ဝင်ရောက်ပြီး DOCA Myanmar Mobile app အား ဒေါင်းလုပ်ရယူပြီးလည်း ဝင်ရောက်တိုင်ကြားနိုင်ပါသည်။

        ပြည်သူတွေသိအောင် ဥပဒေတွေ၊ ကြေညာချက်တွေ၊ ကုန်ပစ္စည်းသတိပေးချက်တွေ၊ အမိန့်ညွှန်ကြားချက်တွေ စတာတွေကို စားသုံးသူရေးရာဦးစီးဌာနရဲ့ အဓိကဝက်ဘ်ဆိုက်အပြင် မြန်မာနိုင်ငံမှာ လူသုံးများပြီး ပြည်သူအကြား ပျံ့နှံ့လွယ်တဲ့ social media platform တွေကနေ သတင်းအချက်အလက်တွေထုတ်ပြန်ပေးနေတာလည်းဖြစ်ပါတယ်။ စားသုံးသူရေးရာဦးစီးဌာန ဆိုပြီး ဖေ့စ်ဘွတ်ကနေလည်း နေ့စဉ် စားအုန်းဆီအခြေခံလက်ကားဈေးနှန်း ထုတ်ပြန်ကြေညာပေးခြင်းများ၊ ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရေးအတွက် ဖြေလျော့ပေးခြင်းကိစ္စများ၊  စားသုံးရန်မသင့်သော အစားအသောက်များနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်များ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (CTQM) လှည်းကူး၏ ဓာတ်ခွဲစမ်းသပ်ခနှုန်းထားပြင်ဆင်သတ်မှတ်ချက်များကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့ခွင့်မှတ်ပုံတင်လျှောက်ထားလိုသည့် ကုမ္ပဏီများအား အဆိုပြုလွှာ တင်ပြရန် ဖိတ်ခေါ်မှုအကြောင်းအရာများ၊ ကုန်သွယ်ရေးဦးစီးဌာန၏ အွန်းလိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်လက်မှတ်ကိုပြင်ဆင်ခြင်း၊ သက်တမ်းတိုးခြင်းတို့နှင့်စပ်လျဉ်း၍ အသိပညာပေးကြေညာခြင်းများကို အချိန်နှင့်တပြေးညီ ပြည်သူများသိရှိနိုင်စေရန် အသိပေးတင်ဆက်ပေးနေတာပါ။

"ပြိုင်တူတွန်း၍ ရွှေ့နိုင်သည်ဆိုသည့်" အတိုင်း  ပူးပေါင်းကြိုးစမ်းဆောင်ရွက်ခြင်း

        ဝက်ဘ်ဆိုက်သတင်းပါဝင်ဖော်ပြနိုင်စေရန် နယ်မြေဒေသအသီးသီးမှ ဝန်ထမ်းများက ရုံးချိန်အတွင်း တာဝန်ချထားဆောင်ရွက်နေတာဖြစ်ပါတယ်။ သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနိုင်ဖို့ စားသုံးသူကာကွယ်ရေးလှုပ်ရှားမှုဆိုင်ရာလုပ်ငန်းများကို သတင်းပါဝင်ရေးသားနိုင်ရေး မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ထမ်းများအား သတင်းရေးသားမှုနဲ့ပတ်သက်ပြီး လိုအပ်တဲ့သင်တန်းတွေ၊ ဆင့်ပွားသင်တန်းတွေကိုလည်း ပို့ချပေးထားကာ သက်ဆိုင်ရာ သတင်းရေးသားသူတွေနဲ့ သတင်းတည်းဖြတ်သူတွေလည်း အားကြိုးမာန်တက်ပူးပေါင်းဆောင်ရွက်နေခြင်းဖြင့် သတင်းတွေနှောင့်နှေးမှုမရှိအောင် ကြိုးစားနေတယ်လို့လည်းသိရှိရပါတယ်။

       အများပြည်သူတွေဟာ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မှန်ကန်တဲ့သတင်းအချက်အလက်တွေကိုသိရှိနိုင်ဖို့အတွက် အတော်လေး အရေးကြီးပါတယ်။ စားသုံးသူကာကွယ်ရေးဆိုင်ရာ လှုပ်ရှားမှုများသတင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် နေပြည်တော်ရုံးချုပ်၏ စားသုံးသူရေးရာဦးစီးဌာနဝက်ဘ်ဆိုက်သို့ အရောက်ပေးပို့နိုင်ဖို့အတွက် စားသုံးသူရေးရာဦးစီးဌာနလက်အောက်ရှိ ဌာနခွဲတစ်ခုဖြစ်သည့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲမှ သတင်းရေးသားသူများနှင့် အခြားသောဌာနခွဲများမှ ဝန်ထမ်းများအားလုံးကလည်း ဝိုင်းဝန်းကြိုးစားစီစဉ်ဆောင်ရွက်လျက်ရှိနေပါတယ်ဆိုတဲ့အကြောင်းကို သတင်းကောင်းပါးရင်း www. doca. gov. mm သို့ဝင်ရောက်၍ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးထိခိုက်နစ်နာမှုမရှိစေရန်၊ ပြည်တွင်းကုန်သွယ်မှုဈေးကွက်ဈေးနှုန်းသတင်းများကိုသိရှိနိုင်ရန် ဝင်ရောက်လေ့လာနိုင်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ဧရာဝတီ)