![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/9.23_1.jpg?itok=R-d8MQuQ)
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်၊ ကုန်စိမ်းဆိုင်များ၌ရောင်းချနေသော ပဲသွေးနှင့်စိမ်းစားငပိများအား ရောင်းချ ဖြန့်ဖြူးရာတွင် Formalin နှင့်တားမြစ်ဆိုးဆေး Rhodamine B ပါရှိသည့် ပဲသွေးနှင့် စိမ်းစားငပိများ ရောင်းချမှုမရှိစေရေးကို စက်တင်ဘာလ(၄)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒု-ဦးစီးမှူးနှင့် ဝန်ထမ်းများ ဦးဆောင်၍ စည်ပင်သာယာဈေးတာဝန်ခံနှင့် တွံတေးမြို့နယ်တာဝန်ခံတို့ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ကုန်စုံဆိုင်များ၊ ကုန်စိမ်းဆိုင်များ၌ရောင်းချနေသာ ပဲသွေးနှင့်စိမ်းစားငပိများတွင် စားသုံးသူ များဘေးအန္တရာယ်ဖြစ်စေနိုင်မည့် Formalin ပါသော ပဲသွေးများ၊ Rhodamine B ပါသော စိမ်းစားငပိစသည့် သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသော စားသောက်ကုန်များကို ဖြန့်ဖြူးရောင်းချမှုမပြုကြရန်နှင့် ဖြန့်ဖြူးရောင်းချပါက ဈေးစည်းကမ်းချက်များအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)