အထက်အကြီးအကဲများ၏ ညွှန်ကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးလက်အောက်ရှိ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများ သည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ သန်းစိုးဆေးဆိုင်၊ ဦးတင်မောင်ဆေးဆိုင်၊ မင်းမင်းဆေးဆိုင်တို့အား (၅.၉.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီတွင် ရှောင်တခင် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဝါးများပြတ်လပ်ခြင်းရှိ / မရှိ စစ်ဆေးခြင်း၊ ဆီးချို၊ အသဲအားဈေး၊ သွေးကျဲဆေး၊ သွေးကျဆေး၊ နှလုံးအဆီကျဆေး၊ အကိုက်ခဲပျောက်ဆေး စသည့် ဆေးတို့မှာ ဈေးကွက်အတွင်း စားသူံးသူပြည်သူများမှ အများဆုံးဝယ်ယူသုံးစွဲကြကြောင်း ဆိုင်ရှင် များ၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(ရန်ကုန်)