Main menu

“ ခရမ်းမြို့နယ်ရှိ ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးများပြတ်လပ်မှု ရှိ/မရှိနှင့် ဈေးနှုန်းမြင့်တက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ခရမ်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဖြန့်ဖြူး ရောင်းချလျက်ရှိသော ဆေးဝါးများပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းမြင့်တက်နေခြင်းများ ရှိ/မရှိ တို့ကို စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ညွှန်ကြားချက်နှင့်အညီ စက်တင်ဘာလ(၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် အမှတ်(၁)ရပ်ကွက်၊ ကျောင်းလမ်းရှိ သော်တာထွန်းဆေးဆိုင်၊ အမှတ်(၃)ရပ်ကွက်၊ ဘုရားလမ်းရှိ ရောင်နီဆေးဆိုင်နှင့် ငွေဇော်ဂျီဆေးဆိုင်၊ အမှတ်(၃)ရပ်ကွက်၊ (၃)လမ်းရှိ သဗ္ဗသုခဆေးဆိုင်၊ ယွန်းနဒီဆေးဆိုင်၊ ပစ်တိုင်းထောင်ဆေးဆိုင်တို့တွင် ဆေးဝါးဈေးနှုန်းများ၊ ယခင်ကာလနှင့်ယခုကာလ ဈေးနှုန်းများ ကွာဟချက်၊ အဆမတန်မြင့်တက်လာခြင်း ရှိ/မရှိနှင့် ဆီးချို သွေးချိုသမားများ နေ့စဉ်သောက်သုံးနေရသည့် သွေးထိန်းဆေးနှင့် ဆီးချိုထိန်းဆေးဝါးများ ခရမ်းမြို့နယ်အတွင်း ပြတ်လပ်နေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)