![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/11.6_4.jpg?itok=xEmDVW0z)
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများပူးပေါင်း၍ ရုံးချုပ်၏ ညွှန်ကြားချက်အရ စက်တင်ဘာလ(၆)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း ရောင်းချနေသော ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကွမ်းခြံကုန်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း ရောင်းချနေသာ ဆန်ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်သတ်မှတ်ထားသည့် ရည်ညွှန်းဈေးများရှိပြီး ၎င်းဈေးနှုန်းထက်မပိုသောဈေးနှုန်းဖြင့်သာ ရောင်းချသွားကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန် အသိပညာပေးဆွေးနွေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)