
၆.၉.၂၀၂၄ ရက်နေ့၊နေ့လယ် (၁၃:၀၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ “ပြည်တွင်း စားသုံးဆီဖူလုံရေး၊ တိုးမြှင့်ထုတ်လုပ်ရေး၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အတွင်းမှ ဆီစက်လုပ်ငန်းရှင်များ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူးက ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများကို ပန်းတိုင်အထွက်နှုန်းရရှိစေရေး တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ထွက်ရှိလာသော ဆီထွက်သီးနှံများကို စွမ်းအားပြည့်ကြိတ်ခွဲနိုင်ရေး ဆီစက်လုပ်ငန်းရှင်များအနေဖြင့် အဆင်သင့် ပြုလုပ်ထားရန် လိုအပ်ကြောင်း၊ ဆီစက်များ တိုးချဲ့ရန်၊ upgrade ပြုလုပ်ရန်၊ ကုန်ကြမ်းများသို လှောင်ရန်အတွက် မတည်အရင်းအနှီးလိုအပ်ပါက နိုင်ငံတော်မှ ထုတ်ချေးပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ၂၀၂၅ ခုနှစ်တွင် စားသုံးဆီတင်သွင်းမှုမှသည် ပြည်ပသို့တင်ပို့နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသူများမှ အသီးသီးဆွေးနွေးခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲအား နေ့လယ်(၁၅:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)