Main menu

ကျွန်းလှမြို့ပေါ်ရှိ ဘိလပ်မြေ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊  ကျွန်းလှမြို့နယ်တာဝန်ခံရုံးမှ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့ ၊နံနက်(၀၈:၃၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့ပေါ် ရပ်ကွက်များရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ အပတ်စဉ်သွားရောက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျွန်းလှမြို့နယ်အတွင်းရောင်းချနေသော ဘိလပ်မြေ အရောင်း ဆိုင်များတွင်   ဘိလပ်မြေ ဝယ်ယူရရှိမှု အခြေအနေ၊ ဘိလပ်မြေအမျိုးအစားများ ၊ တစ်အိတ်ချင်းစီ၏ တစ်အိတ်ဈေးနှုန်း၊ ပစ္စည်းပြတ်လတ်မှု ရှိ/မရှိ ကုန်ပစ္စည်းလက်ကျန်အခြေအနေမျာကို မေးမြန်းခဲ့ရာ CROWN အမှတ်တံဆိပ် 525 အမျိုးအစား တစ်မျိုးတည်းသာရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့ နယ်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် CROWN အမှတ်တံဆိပ် 525 အမျိုးအစား တစ်အိတ်လျှင် ကျပ် ၁၈၅၀၀ ဈေးနှုန်းဖြင့် လက်ကျန်အခြေအနေ (၂၅၀)အိတ်ရှိပြီး ဈေးနှုန်း အတက်/အကျပေါ်မူတည်၍ ရောင်းချပေးလျက်ရှိကြောင်းနှင့် ဘိလပ်မြေဆိုင်များတွင် ပစ္စည်းပြတ်လတ်မှုမရှိကြောင်း၊ ကုန်ပစ္စည်း လက်ကျန်ရှိကြောင်း စက်တင်ဘာလ ပထမအပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုစက်တင်ဘာလ ဒုတိယအပတ်တွင် ဘိလပ်မြေဈေးနှုန်းများ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)