Main menu

မြိတ်မြို့တွင် ဆန်နှင့် ဆီ ရောင်းချသည့် ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အခြေခံစားကုန်များဖြစ်သော ဆန်နှင့် စားသုံးဆီစျေးနှုန်းများကို စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီ အချိန်တွင်  မြိတ်ခရိုင် ကုန်စျေးနှုန်းတည်ငြိမ်ရေး အဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်  မြိတ်မြို့ပေါ်ရှိ ဆန်နှင့် ဆီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် အခြေခံစားသောက်ကုန်များ ကုန်ဈေးနှုန်း တည်ငြိမ်စေရေး၊ ပြည်သူများလွယ်ကူလွတ်လပ်စွာဝယ်ယူစားသုံးနိုင်ရန်နှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရန်အတွက် ဆောင်ရွက်ရန်၊ ဆန်များပုံမှန်တင်ပို့စေရေးနှင့်ဆန်ဆိုင်များ ပုံမှန်ဖွင့်လှစ်၍ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချစေရန်၊ စားအုန်းဆီများ သိုလှောင်၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် အချိန်အတွယ်မှန်ကန်စွာ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချရန်ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)