![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/12.11_1.jpg?itok=p7jnHn2B)
ကျောင်းသားလူငယ်များအသိပညာဗဟုသုတတိုးပွားစေရန် ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရန်နှင့် ဥပဒေဆိုင်ရာအချက်အလက်များကို ကျောင်းသားလူငယ်များ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိစေရန်ရည်ရွယ်၍ (၇.၉.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ စိုးမေတ္တာခန်းမ၌ ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက “လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာဖတ်ခြင်းအလေ့အထ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက “စားအုန်းဆီ၏ ဘေးထွက်ဆိုးကျိုးများ၊ ကုန်အညွှန်းအမှတ်အသား၏ သတ်မှတ်ထားသော အချက်များ”ကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိက “ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများ” ဒုတိယမြို့နယ် ဥပဒေအရာရှိက “ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအကြောင်းအရာများ” ကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးမှူးက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေအကြောင်း အသီးသီး ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)