![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/12.19_1.jpg?itok=FNUn1A--)
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဆန်စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် ဆန်များပြတ်လပ်မှုရှိ/မရှိကို ၆.၉.၂၀၂၄ ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးမှုအရ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် စစ်ဆေးရေးဌာနစုံ မအူပင်မြို့ပေါ်ရှိ ဆန်အရောင်ဆိုင်များဖြစ်သော KKKအရောင်းဆန်ဆိုင်၊ ရွှေလင်းယုန် ဆန်ဆိုင်၊ မိဘမေတ္တာဆန်ဆိုင်၊ အောင်ဆန်ရောင်းဝယ်ရေး၊ ဦးလှကြည်၊ဒေါ်သန်းသန်းဆန်ဆိုင်၊ 555ဆန်ဆိုင်၊ ကိုသူရဆန်ဆိုင်၊ များတွင် ဆန်ပြတ်လပ်မှု ရှိ/မရှိ၊ ဆန်အိတ်သိုလှောင်ထားမှုအခြေအနေများ၊ သတ်မှတ် ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှု အခြေအနေများကို စစ်ဆေးခဲ့သည်။
စစ်ဆေးရာတွင် ဆန်ဆိုင်များမှရောင်းချလျက်ရှိသော ဆန်များမှာ မြောင်းမြပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းအနည်းငယ်နှင့် ဒေသထွက်ဆန်များကို ရောင်းချလျက်ရှိကြောင်းစစ် ဆေးတွေ့ရှိရပြီး မအူပင်မြို့နယ်တွင်း စားသုံးရန် ဆန်ပြတ်လပ်မှု မရှိနိုင်ကြောင်း၊ ဆန်အိတ်သိုလှောင်ထားရှိမှု ဆန်လက်ကျန်၊ နေ့စဉ်ရောင်းချမှု ဆန်ရောင်းအားနှင့် ရောင်းချနေသည့် ဆန်အမျိုးအစားအလိုက်ဈေးနှုန်းများ သတ်မှတ်ရည်ညွှန်းဈေးအပေါ် အမြတ် ၅ရာခိုင်နှုန်းဖြင့်သာ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရသည်။ ကုန်ဈေးနှုန်းများကို မြှင့်တင်ရောင်းချခြင်းများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုရှင်းလင်းပြီး၊ ဆန်ဈေးနှုန်းများကို မြင်သာအောင်ဈေးနှုန်း ဖော်ပြရောင်းချရန်၊ ဆန်ဆိုင်များတွင် ဆန်လက်ကျန် ဆန်အိတ်အရေအတွက် များစွာရှိပြီး ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)