![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/12.21_0.jpg?itok=hiI37KMY)
ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြိုနယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းများသည် မီးသတ်ဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၉) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဈေးကွက်အတွင်း ရောင်းချနေသော ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
အဆိုပါ စစ်ဆေးရာတွင် လက်ရှိဈေးကွက်အတွင်းရောင်းချနေသော ဆေးဝါးပစ္စည်းများတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပြည့်စုံမှုရှိ/မရှိနှင့် တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများရောင်းချရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုကြရန်၊ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအနေဖြင့် ဆေးဝါးများအား ဝယ်ယူစုဆောင်းသိုလှောင်မှုမရှိဘဲ လိုအပ်သည့် ဆေးဝါးများကို အပတ်စဉ် ဝယ်ယူရောင်းချလျက်ရှိပါသည်။ အဖွဲ့အနေဖြင့်လည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်၍ ဝယ်ယူစုဆောင်း သိုလှောင်ခြင်းများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးပေါင်းအဖွဲ့မှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအပေါ် သိရှိရပါသည်။
DOCA(ဧရာဝတီ)