Main menu

သာကေတမြို့နယ်ရှိ လရိပ်ဆေးဆိုင်အား ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုး ဦးဆောင်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရန်ကုန်)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစသည့်ဌာနများ ပူးပေါင်း၍ ၉.၉.၂၀၂၄ ရက်နေ့၊ နံနက်(၁၃:၀၀) နာရီတွင်  အမှတ် (၁၅၇), အောင်သုခ(၂)လမ်း၊ သာကေတမြို့နယ်ရှိ လရိပ်ဆေးဆိုင်မှ  ဆိုင်တာဝန်ခံ‌ဒေါ်နှင်းသီတာလွင်နှင့် တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိဆေးဝါးများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့စစ်ဆေးမေးမြန်းရာတွင် ဆေးဆိုင်တွင် ဆေးအမျိုးပေါင်း (၁၀၀) ကျော်ရှိပြီး သွေးကျဆေး၊ ရင်ကျပ်ပျောက်ဆေး၊ ယားနာလိမ်းဆေး၊ အကိုက်ခဲပျောက်ဆေး၊ လေဆေး၊ အစာအိမ်ဆေး၊ ဆီးချိုဆေး၊ သန္ဒေတားဆေး၊ အားဆေးများမှာ ရောင်းအားကောင်းသော ဆေးများဖြစ်ပြီး  ဗိုလ်ချုပ်ဈေးနှင့် မင်္ဂလာဈေးတို့မှ ဝယ်ယူရောင်းချကြောင်း၊ ဝယ်ယူသည့်ဈေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)