Main menu

သောက်ရေသန့်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၀.၉.၂၀၂၄ ရက်နေ့ ၊နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် အမှတ်(၂၃)၊ လှိုင်မြစ်လမ်း၊ ကွက်သစ်ရပ်ကွက်ရှိ သန့်စင်စတိုးအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာ တာဝန်ခံ ဦးဟိန်းမင်းထက်မှ ပူးပေါင်းဆောင်ရွက်ကာ သောက်ရေသန့်အမျိုးမျိုးဖြစ်သော Asia, DASAN, Wave,Alpine, 1 plus, အိုအေစစ်, My Water, San par Oo နှင့် Real တို့၏ ကုန်းအညွှန်းအမှတ်အသားတွင် မြန်မာဘာသာနှင့် အခြားဘာသာများပါရှိပြီး FDA ထောက်ခံချက်၊ အလေးချိန် လီတာတို့ကိုလည်း မြန်မာလိုဖော်ပြထားသည်ကို တွေ့ရှိရပြီး ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများသာ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

DOCA(ရန်ကုန်)