Main menu

မှော်ဘီမြို့နယ်အတွင်းရှိ ဆန်ရောင်းချသည့် ဆန်ဆိုင်များ၏ ဈေးကွက်အခြေအနေ

Powered by Drupal

     မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် ဆန်ပြတ်လပ်မှုရှိ/မရှိနှင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေး ဆန်ဆိုင်များကို (၉.၉.၂၀၂၄) ရက်နေ့၊ နံနက် (၁၀း၃၀)နာရီအချိန်တွင်  ဆန်အရောင်းဆိုင်(၆)ဆိုင်သို့ သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်များပြတ်လပ်မှုမရှိဘဲ သင့်တင်မျှတသော တည်ငြိမ်သောဆန်ဈေးကွက်ဈေးနှုန်းဖြင့် ပြည်သူများအား ရောင်းချနေကြောင်း၊ ဆန်ဆိုင်တို့တွင် ရောင်းချနေသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများ၊ ဆန်ဝယ်ယူမှုခြေအနေများ၊ သိုလှောင်ထားရှိသော ဆန်အိတ်အရေအတွက်များ၊ နေ့စဉ်ရောင်းချမှု၊ ဈေးနှုန်းကပ်၍ ရောင်းချနေမှုကို စစ်ဆေးတွေ့ရှိရပြီး ဆန်ဆိုင်လုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချကြရန်၊ မြို့နယ်တွင်းပြည်သူများ သက်သာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)