![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/12.38.jpg?itok=Bak1YO0w)
(၁၀.၉.၂၀၂၄)ရက်နေ့၊နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မြို့မဈေးစည်ပင်သာယာခန်းမတွင် အွန်လိုင်းရောင်းချသူလုပ်ငန်းရှင်(၆)ဦးအား ဖိတ်ကြား၍ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးဟောပြောခြင်း ပြုလုပ်ခဲ့သည်။
မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက အသိပညာပေးဟောပြောရာတွင် စားသုံးသူများသည် ၎င်းတို့၏လိုအပ်ချက်အရ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုသည့်အခါ တန်ဖိုးနှင့်အညီ ပေးချေဝယ်ယူကြပြီး "စားသုံးသူအခွင့်အရေး ဦးစားပေး" ဟူသော စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်အတိုင်း အပြည့်အဝနားလည်စေရန် စားသုံးသူများက ကုန်စည်နှင့် ဝန်ဆောင်မှုများအား အွန်လိုင်းစနစ်ဖြင့် ဝယ်ယူသုံးစွဲရာတွင် စားသုံးသူထိခိုက်နစ်နာမှုမရှိစေရေး အတွက် အွန်လိုင်းစနစ်အသုံးပြု၍ ရောင်းဝယ်မှုလုပ်ငန်းများအားလုံး စနစ်တကျထိန်းကျောင်းနိုင်မည့် အွန်လိုင်းစနစ်တစ်ခုဖြစ်ကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး မှတ်ပုံတင်ပြီးသော အွန်လိုင်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ ဝယ်ယူအသုံးပြုကြရန်၊ အွန်လိုင်းမှတ်ပုံတင်မရှိသော ကုန်စည်နှင့် ဝန်ဆောင်မှု ရောင်းချနေသူများကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အသိပညာပေးဟောပြောကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)