Main menu

တနင်္သာရီတိုင်း‌ဒေသကြီး တိုင်းဦးစီးမှူးသည် ကော့သောင်းခရိုင်ကွမ်းသီးလုပ်ငန်းရှင်များအသင်းနှင့် သီဟိုဠ်စိုက်ပျိုး၊ ထုတ်လုပ်၊တင်ပို့ ရောင်းချသူများအသင်းနှင့် တွေ့ဆုံခြင်း

Powered by Drupal

     ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လယ်(၁၅:၀၀)နာရီ အချိန်တွင် ကော့သောင်းမြို့နယ် ကုန်သည်ကြီးများအသင်း အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးစိုးဦး သည် ကော့သောင်းခရိုင် ကွမ်းသီးလုပ်ငန်းရှင်များအသင်းနှင့် သီဟိုဠ် စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအသင်း မှ အသင်းသူ/အသင်းသားများနှင့် တွေ့ဆုံဆွေးနွေးခြင်းပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး တိုင်းဦးစီးမှူး ဦးစိုးဦးမှ ကော့သောင်းခရိုင်ကွမ်းသီးလုပ်ငန်းရှင်များအသင်းနှင့် သီဟိုဠ် စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအသင်း ပြန်လည်ဖွဲ့စည်းနိုင်ရေး၊ အသေးစားလုပ်ငန်းများပိုမိုတိုးချဲ့ထုတ်လုပ်နိုင်ရေး၊ တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြခဲ့ကြပြီး တိုင်းဦးစီးမှူးမှ ဖြေရှင်းဆောင်ရွက်ရမည့်နည်း လမ်းများအား အကြံပြု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)