ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် တာဝန်ခံရှိမှ ၊ ဦးအောင်ကျော်သက် (အငယ်တန်းစာရေး)သည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Showကို ၂၀၂၄ခုနှစ် စက်တင်ဘာလ ၁၀ရက်နေ့၊ နေ့လယ်(၁၀:၀၀)နာရီအချိန်တွင် ပန်းတနော်လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် အသိပညာပေး Talk Show မှတဆင့် စီးပွားရေးလုပ်ငန်းရှင်များ ကုန်စည်နှင့် ဝန်ဆောင်မှု များကို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအဓိပ္ပါယ်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်း(Online)စနစ်မှတစ်ဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့်လုပ်ငန်းကို ဆိုသည်။ (အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန) မှ ထုတ်ပြန်ထားသည့်ကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအချက်ကိုလည်းကောင်း၊ အွန်လိုင်းမှ ဝယ်ယူရခြင်း၏ အားသာချက်ဖြစ်သည့် အချိန်ကုန်သက်သာ၍ အိမ်အရောင်းစနစ်ဖြင့်ဝယ်ယူ ရခြင်း၊ မိမိလိုချင်သော ကုန်စည်များကို အင်တာနက်ပေါ်တွင် ရှာဖွေဝယ်ယူရခြင်းတို့ဖြစ်ကြောင်း၊ အားနည်းချက်အနေဖြင့် ပို့ဆောင်ခ ပိုမိုကုန်ကျခြင်း၊ ပစ္စည်းလဲလှယ်ရန် အခက်အခဲများရှိခြင်း၊ မရိုးဖြောင့်သော၊ တရားမဝင်သောအွန်လိုင်းဆိုင်များ၏ လိမ်လည်မှု ခံရနိုင်ခြင်း၊ အွန်လိုင်းမှ ဝယ်ယူရာတွင် လိမ်လည်မှု ပုံစံ ၂မျိုးရှိကြောင်း၊ စားသုံးများသိရှိနိုင်ရန် အကျယ်တဝင့် ရှင်လင်းဆွေးနွေးပြီး စားသုံးသူများအနေဖြင့် ကုန်စည်/ ဝန်ဆောင်မှုများကို ဝယ်ယူရာ၌ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သည့် (www.doca.gov.mm) တွင်လည်းကောင်း၊ ဦးစီးမှူးရုံးများ၏ CICC များနှင့် ၊Facebook Pages၊ DOCA Myanmar Mobile Application တို့တွင်လည်းကောင်း ၊Consumer Call Center Hotline – 1535 သို့ ခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)