![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/16.13_4.jpg?itok=P-u93uZ0)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ငွေစာရင်းတာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူပြည်သူများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ (၁၁.၉.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၇) အခြေခံပညာမူလတန်း(လွန်) ဗဟိုဠ်စည်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငွေစာရင်းတာဝန်ခံက ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် စားသုံးသူနစ်နာမှုများအတွက် တိုင်ကြားပုံနည်းလမ်းများအကြောင်းကိုလည်းကောင်း၊ စီမံရေးရာဌာနခွဲ၊ စီမံ(ထွေ)ဝန်ထမ်းက စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ အကြောင်းကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံက ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်(၈)ချက်အကြောင်းကို လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)