Main menu

တောင်ဒဂုံမြို့နယ်၌ စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးနှင့်ဝန်ထမ်းများသည် (၁၆.၉.၂၀၂၄) ရက်နေ့တွင် တောင်ဒဂုံမြို့နယ်၌ စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချရာတွင် မိမိမြို့နယ်အတွက်ရရှိသော ဆီခွဲတမ်းများကို အိမ်ထောင်စုဇယား၊ လူဦးရေအမျိုးအစားအလိုက် အချိုးကျခွဲဝေခြင်းနှင့် ပက်သက်၍ ရပ်ကွက်/ ဈေးနေရာအနှံ့ ရောက်ရှိအောင် ဖြန့်ဖြူးပေးနိုင်ရေး အခြေအနေတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည် ။

DOCA(ရန်ကုန်)