Main menu

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အွန်လိုင်းရောင်းချသူများအား အသိပညာပေး ဟောပြောခြင်း

Powered by Drupal

    (၁၆.၉.၂၀၂၄)ရက်နေ့၊နေ့လယ်(၁၂:၀၀)နာရီအချိန်တွင်  မြောက်ဥက္ကလာဈေးစည်ပင်သာယာရေးရုံးခန်းမတွင် ကုန်စုံဆိုင်လုပ်ငန်းရှင်များ ဖိတ်ကြားပြီး အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးဟောပြောခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါဟောပြောပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)က အသိပညာပေးဟောပြောရာတွင် ယခုခေတ်ကာလတွင် အွန်လိုင်းစနစ်ဖြင့် စားသုံးသူများသည် ၎င်းတို့၏ လိုအပ်ချက်အရ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုလာကြသည့်အတွက် တန်ဖိုးနှင့်အညီ ငွေပေးချေဝယ်ယူကြရာ "စားသုံးသူအခွင့်အရေး ဦးစားပေး" ဟူသော စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ကို အပြည့်အဝနားလည်သဘောပေါက်ပြီး၊ နစ်နာမှုများမကြုံတွ့ကြရစေရန်၊ စားသုံးသူများက ကုန်စည်နှင့်ဝန်ဆောင်မှုများအား အွန်လိုင်းစနစ်ဖြင့် ဝယ်ယူသုံးစွဲရာတွင် စားသုံးသူ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ရောင်းဝယ်မှု လုပ်ငန်းများအားလုံး စနစ်တကျထိန်းကျောင်းနိုင်မည့် အွန်လိုင်းစနစ်အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ခြင်းနှင့် မှတ်ပုံတင်ပြီးသော အွန်လိုင်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ ဝယ်ယူအသုံးပြုကြရန်၊ အွန်လိုင်းမှတ်ပုံတင်မရှိသော ကုန်စည်နှင့်ဝန်ဆောင်မှု ရောင်းချနေသူများကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အသိပညာပေးဟောပြောကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)