Main menu

ဈေးသူဈေးသားများခေါ်ယူ၍ အွန်လိုင်းမှဈေးဝယ်ခြင်းနှင့်စပ်လျဉ်းပြီး အသိပညာပေး ဆွေးနွေးဟောပြောခြင်း

Powered by Drupal

     (၁၆.၉.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင်  မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ညွန့်ဈေးစည်ပင်သာယာရေးရုံးခန်းမတွင် ဈေးသူ/ဈေးသားများခေါ်ယူ၍ အွန်လိုင်းမှတဆင့် ဈေးဝယ်ခြင်းနှင့်စပ်လျဉ်းပြီး အသိပညာပေးဟောပြောခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါဟောပြောပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ဒုကြီးကြပ်ရေးမှူး)က အသိပညာပေးဟောပြောရာတွင် ယခုခေတ်ကာလတွင် အွန်လိုင်းစနစ်ဖြင့် စားသုံးသူများသည် ၎င်းတို့၏ လိုအပ်ချက်အရ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုလာကြသည့်အတွက် တန်ဖိုးနှင့်အညီ ငွေပေးချေဝယ်ယူကြရာ "စားသုံးသူအခွင့်အရေး ဦးစားပေး" ဟူသော စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ကို အပြည့် အဝနားလည်သဘောပေါက်အောင်ရှင်းလင်းပြောကြားခြင်းနှင့် နစ်နာမှုများမကြုံတွေ့ စေရန်၊ စားသုံးသူများက ကုန်စည်နှင့်ဝန်ဆောင်မှုများအား အွန်လိုင်းစနစ်ဖြင့် ဝယ်ယူသုံးစွဲရာတွင် စားသုံးသူထိခိုက်နစ်နာမှုမရှိစေရေးအတွက် ရောင်းဝယ်မှုလုပ်ငန်းများအားလုံး စနစ်တကျ ထိန်းကျောင်းနိုင်မည့် အွန်လိုင်းစနစ်အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ခြင်းနှင့် မှတ်ပုံတင်ပြီးသော အွန်လိုင်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ ဝယ်ယူအသုံးပြုကြရန်၊ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)