![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/19.27_0.jpg?itok=BhFAjxVd)
တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး နှင့် ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၂.၉.၂၀၂၄) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့ ပုလုံးတုံတုံးကျေးရွာ၌ PLTT တံဆိပ်ဖြင့် ထုတ်လုပ်နေသော သောက်ရေသန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးသည် PLTT အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်နေသည့် သောက်ရေသန့်စက်ရုံလုပ်ငန်းလည်ပတ်မှု အခြေအနေတို့အား လိုက်လံစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ (၂/၂၀၁၉) အခန်း (၁၈)တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်သားများနှင့် ပြည့်စုံစွာထုတ်လုပ်ရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာရှိပါက သက်ဆိုင်ရာဦးစီး မှူးရုံးသို့ လာရောက်လျှောက်ထားရန်နှင့် မည်သည့်အခွန်အခမှ ပေးဆောင်ရန်မလိုအပ်ကြောင်း စသည်တို့ကိုဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)