Main menu

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ရေကျော်ရပ်ကွက်ရှိ ဆန်ရောင်းချနေသောဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၃.၉.၂၀၂၄)ရက်နေ့၊နံနက် (၈:၃၀)နာရီအချိန်တွင် ရေကျော်ရပ်ကွက်ရှိ ဒေါ်မာမာအေးဆန်ဆိုင်နှင့် ဝင်းဌေးဆန်ဆိုင်တွင် ရောင်းချနေသောဆန်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်    ရောင်းချပေးနေခြင်း ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်  ဝါးခယ်မမြို့နယ်တာဝန်ခံမှ ရေကျော်ရပ်ကွက်ရှိ ဒေါ်မာမာအေးဆန်ဆိုင်တွင် ရောင်းချနေသော ပေါ်ဆန်းဆန် တစ်ပြည်လျှင် (၅၀၀၀)ကျပ်၊ ဧည့်မထဆန် တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှင့် ဝင်းဌေးဆန်ဆိုင်တွင် ရောင်းချနေသော ပေါ်ဆန်းဆန်တစ်ပြည်လျှင် (၅၀၀၀)ကျပ်၊    ဧည့်မထဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်ဖြင့် ရောင်းချနေမှုအပေါ်  သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန် ရှင်းလင်းပြောကြားခဲ့ပြီး  ဆန်ဆိုင်ပိုင်ရှင်များအား ဆန်ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို မိမိတို့ဆန်ရောင်းချနေသော ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ဈေးနှုန်း ဖြင့်သာရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)